အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းလမ်းညွှန်

အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းလမ်းညွှန်

အဆင့် ၁
DICA တွင် ကုမ္ပဏီအမည် စစ်ဆေးပါ
အချက်အလက်များ ဖြည့်သွင်းပြီး လက်မှတ်ထိုးထားသော အမည်စစ် ပုံစံအား DICA သို့ တင်ပြပါ
ကုမ္ပဏီဒါရိုက်တာနှင့်ပတ်သက်သော စာရွက်စာတမ်းများကို (ဒါရိုက်တာတစ်ယောက်ချင်းစီအတွက်) DICA သို့ တင်ပြပါ

လိုအပ်ချက်များ: 

  • အမည်စစ်ပုံစံ  ၁၀၀၀/-(တစ်ထောင်ကျပ်)
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
DICA မှ သို့မဟုတ် DICA ဝက်ဘ်ဆိုက်မှ ကုမ္ပဏီ မှတ်ပုံတင်ရန် ဖောင်ပုံစံများအားရယူပြီး တံဆိပ်ခေါင်းခွန် ပေးဆောင်ရန်
ကုမ္ပဏီမှတ်ပုံတင် ပုံံစံများအား DICA မှ သို့မဟုတ် DICA ဝက်ဘ်ဆိုက်မှ ရယူပါ
OSS ရှိ အခွန်ရုံး (သို့မဟုတ်) ပြည်တွင်း အခွန်များဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ပေးဆောင်ပါ

လိုအပ်ချက်များ: 

  • စာရွက်စာတမ်းကြေး ၅၁၀၀/- (ကျပ်ငါးထောင်တစ်ရာ)
  • ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြောင်း ကြေငြာချက် (ပုံစံ-၁ )
  • ကုမ္ပဏီ၏ ရုံးခန်းတည်နေရာ အကြောင်းကြားစာ
  • ဆောင်ရွက်မည့် လုပ်ငန်းရည်ရွယ်ချက်များ
  • ဒါရိုက်တာများ အမည်စာရင်း (ပုံစံ-၂၆)
  • ဒါရိုက်တာများအား ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်
  • သင်းဖွဲ့မှတ်တမ်း
  • သင်းဖွဲ့ စည်းမျဉ်း
အဆင့် ၃
လက်မှတ်ထိုးထားသော ကုမ္ပဏီ မှတ်ပုံတင်ရန် ပုံစံများကို DICA တွင် တင်ပြပြီး မှတ်ပုံတင်ကြေး ပေးဆောင်ပါ
DICA သို့ ဖြည့်စွက် လက်မှတ်ထိုးပြီးသော ကုမ္ပဏီမှတ်ပုံတင် ပုံစံများကို တင်သွင်းပါ
ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြေး ၂,၅၀၀,၀၀၀/-(ကျပ်နှစ်ဆယ့်ငါးသိန်း) ပေးသွင်းရန်၊

လိုအပ်ချက်များ: 

  •  ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြောင်း ကြေငြာချက် (ပုံစံ-၁ )
  • ကုမ္ပဏီ၏ ရုံးခန်းတည်နေရာ အကြောင်းကြားစာ
  • ဆောင်ရွက်မည့် လုပ်ငန်းရည်ရွယ်ချက်များ
  • ဒါရိုက်တာများ အမည်စာရင်း (ပုံစံ-၂၆)
  • ဒါရိုက်တာများအား ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်
  • သင်းဖွဲ့မှတ်တမ်း
  • သင်းဖွဲ့ စည်းမျဉ်း
  • (OSS) မှ ငွေသွင်းချလံ ပုံစံ
အဆင့် ၄
DICA တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အား ရယူပါ
DICA မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အား ရယူပါ။

လိုအပ်ချက်များ: 

  • DICA မှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
အဆင့် ၅
လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ် လျှောက်ထားရန် ပြင်ဆင်ပါ
ရုံးခန်းဖွင့်လှစ် ဆောင်ရွက်နေသည်မှာမှန်ကန်ကြောင်းသက်ဆိုင်ရာမှ ထောက်ခံချက် ပြန်လည်တင်ပြပေးပါ (မှတ်ပုံတင်သည့် တစ်လအတွင်း)
အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းသည့်အကြောင်း သတင်းစာတွင် ကြေညာပါ
၁၀
SECM မှ အတည်ပြုပြီးသော ကုမ္ပဏီအလားအလာညွှန်းတမ်း (သို့) အလားအလာညွန်းတမ်း (အစား) ရှင်းတမ်းအား တင်ပြပါ။
၁၁
ဘဏ်ငွေစာရင်းဖွင့်ပါ။ အနည်းဆုံး ထည့်သွင်းငွေ + ၅ဝ,ဝဝဝ,ဝဝဝ
၁၂
ပထမဆုံးအကြိမ် လူထုသို့ရှယ်ယာများ ရောင်းချခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်ပါ

လိုအပ်ချက်များ: 

  • ပုံစံ-၆ နှင့် ၂၆
  • ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်မှတ်တမ်း
  • ရုံးခန်းဖွင့်လှစ် ဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်းသက်ဆိုင်ရာမှ ထောက်ခံချက် တင်ပြရန် DICA မှအကြောင်းကြားစာ
  • ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ ထောက်ခံချက် တင်ပြရန်
အဆင့် ၆
လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ်ရရှိရန် စာရွက်စာတမ်းများ တင်ပြပါ
၁၃
ဖြည့်စွက်လက်မှတ်ရေးထိုးပြီးသော လုပ်ငန်းစတင်မှုဆိုင်ရာ စာရွက်စာတမ်းများ ( နှင့် SECM မှခွင့်ပြုချက်စာ)ကို DICA သို့ တင်ပြပါ

လိုအပ်ချက်များ: 

  • တင်ပြစာ
  • ပုံစံ-၁ လျှောက်လွှာ
  • လုပ်ငန်းစတင်ကြောင်း အသိအမှတ်ပြုလွှာ
  • ကတိသစ္စာပြုလွှာ (ဒါရိုက်တာများအားလုံးမှလက်မှတ်ထိုးပေးထားသော) (ပုံစံ-၂)
  • အရည်အချင်းပြည့် အစုရှယ်ယာဝယ်ယူပြီးကြောင်းဒါရိုက်တာများ၏ သဘောတူညီချက် (ပုံစံ-၂၅)
  • ကုမ္ပဏီအကြောင်း လက်ကမ်းစာစောင်
  • သတင်းစာတွင်ထည့်သွင်းသည့် ကြေညာချက်မိတ္တူ
  • ဘဏ်လက်ကျန်ရှင်းတမ်း (အနည်းဆုံးထည့်သွင်းငွေ)
  • ပုံစံ-၆ နှင့် ၂၆(ကနဦးထည့်ဝင်ငွေ) နှင့်ဒါရိုက်တာဘုတ်အဖွဲ့၏ သဘောတူညီချက်မှတ်တမ်း(ကနဦးထည့်ဝင်ငွေ)
အဆင့် ၇
လုပ်ငန်းစတင် ဆောင်ရွက်ခွင့်လက်မှတ် ထုတ်ပေးခြင်းအဆင့်
၁၄
DICA မှ လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ် ထုတ်ပေးပါသည်။

လိုအပ်ချက်များ: 

  • DICA မှ ထုတ်ပေးသော လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်