အောက်တွင်ဖော်ပြထားသည့် ဆောင်ရွက်ရန်ကိစ္စများသည် MIC ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်း/ ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါသည်။ ခွင့်ပြုမိန့်ရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ငယ်များအလိုက် အောက်တွင် ဖော်ပြထားပါသည်။
ရင်းနှီးမြှုပ်နှံသူက ၄င်းရင်းနှီးမြှုပ်နှံမှုပမာဏပြင်ဆင်(တိုးမြှင့်/လျှော့ချ)လိုလျှင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဌထံ လိပ်မူပြီး အောက်ပါစာရွက်စာတမ်း အထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-
- လျှောက်ထားသည့်စာ(ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီးမြှုပ်နှံမှု ပမာဏ၊ တိုးမြှင့်လိုသည့်ပမာဏနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင်စက်ပစ္စည်းကိရိယာများတင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။ (ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြ လိုပါက မူလနှင့် တင်သွင်းပြီး၊ ကျန်ရှိသည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
- ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)
- ထည့်ဝင်ပြီးရင်းနှီးမြှုပ်နှံမှုပုံစံ (ဇယားဖြင့်)
- ချေးငွေသဘောတူညီချက်စာချုပ် မူကြမ်း (ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့် တိုးမြှင့်လို လျှင်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူက လုပ်ငန်းတိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံ လိပ်မူပြီး အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရ ပါမည်-
- လျှောက်ထားသည့်စာ (လုပ်ငန်းတိုးချဲ့ရသည့် အကြောင်းရင်းကို တိကျစွာ ဖော်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
- လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် မတည်ငွေရင်းပမာဏတိုး/မတိုး။
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြီး စက်ပစ္စည်းများ တင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းစာရင်း။
- လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် ထုတ်ကုန်တိုးမြှင့်ခြင်းရှိ/မရှိ၊ ကုန်ကြမ်း တိုးမြှင့်ခြင်း ရှိ/မရှိ၊ ဝန်ထမ်းအင်အား တိုးမြှင့်ခြင်း ရှိ/မရှိ၊ လုပ်ငန်းတည်နေရာ တိုးချဲ့ ခြင်း ရှိ/မရှိ ပြည့်စုံစွာ တင်ပြရန်။
- ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လိုပါက ချေးငွေစာချုပ် (မိတ္တူ)
- တင်သွင်းပြီးစက်ပစ္စည်းစာရင်း Balance (ကော်မရှင်ခွင့်ပြုစာအမှတ်၊ ID အမှတ်များ ပြည့်စုံစွာ စာရင်းပြုစုပေးရန်)
- ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ (ကော်မရှင်သို့ တင်ပြပြီး ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူက ချေးငွေရယူလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- ချေးငွေသဘောတူညီချက်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့် အစီအစဉ် နှင့် ငွေပမာဏကို ပူးတွဲတင်ပြရန်)
- ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူက ချေးငွေပြင်ဆင်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- ချေးငွေပြင်ဆင်ချက် (ပမာဏ၊ ချေးငှားသူ၊ ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်)
- ချေးငွေသဘောတူညီချက်ပြင်ဆင်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် ပါဝင်သည့်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူပိုင်ဆိုင်သော ပစ္စည်းများ၏ ၅၀% အထက်အား ရယူလွှဲပြောင်းခြင်း၊ ရင်းနှီး မြှုပ်နှံသူ၏အများစုပိုင်ဆိုင်မှု(သို့) ထိန်းချုပ်မှုကိုရယူလွှဲပြောင်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြ၍ ကြိုတင်ခွင့်ပြု ချက်ရယူရမည်-
- လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်
- ပုံစံ (၈) (လိုအပ်သည့်အထောက်အထားများပူးတွဲရန်)
- အစုရှယ်ယာလွှဲပြောင်းစာချုပ် (မူကြမ်း)
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(လိုအပ်ပါကအခြေပစ္စည်းလွှဲပြောင်းရောင်းချ ခြင်း၊ လဲလှယ်ခြင်းမှ ရရှိသည့် မြတ်စွန်းငွေအပေါ် ပေးဆောင်ရသည့် အခွန်ကို ပေး ဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင် လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဉပဒေ ၁၉၁၊ ၁၉၂ နှင့် ၁၉၃ တို့အရ ကတိကဝတ်ပြု ချက်
ရင်းနှီးမြှုပ်နှံသူများက အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံလိုလျှင် အောက်ပါစာရွက်စာတမ်း များကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ၍ လျှောက်ထားရမည်-
- လျှောက်ထားသည့်စာ (အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံ မည့်ဘဏ္ဍာနှစ်ဖော်ပြရန်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- ပုံစံ (၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေပုဒ်မ ၇၈ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားလိုပါက)
- စာရင်းစစ်အစီရင်ခံစာ
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူများကနိုင်ငံခြားငွေလွှဲပြောင်းလိုလျှင်အောက်ပါစာရွက်စာတမ်းများကိုပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ၍ လျှောက်ထားရမည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- စာရင်းစစ်အစီရင်ခံစာ
- ဘဏ်လက်ကျန်စာရင်း
- ပုံစံ (၁၃) (ဘဏ္ဍာငွေလွှဲပြောင်းခွင့်ပြုပါရန် လျှောက်ထားလွှာ)
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် မြေနှင့်အဆောက်အဦကို ရင်းနှီးမြှုပ်နှံသူများက အပေါင်ထား လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- အပေါင်သဘောတူစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက် ဉပဒေရေးရာဝန်ကြီး ဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားရန်)
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (မြေပိုင်ရှင်က အစိုးရဌာနဖြစ်လျှင်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူက စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့် အခြား၊ ပစ္စည်းများကို လုပ်ငန်းတွင်အသုံးပြုရန် တင်သွင်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ
- Proforma invoic
- အရောင်းစာချုပ်
- သက်ဆိုင်ရာ၀န်ကြီးဌာနထောက်ခံချက် (လိုအပ်လျှင်)(င) စက်ပစ္စည်းလက်ကျန်စာရင်း
- မူရင်းအဆိုပြုချက် မိတ္တူ (စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့်အခြား၊ ပစ္စည်းများတင်သွင်းရန် လျှောက်ထားမှုနှင့် သက်ဆိုင်သည့် စာရင်းစာမျက်နှာကို ပူးတွဲတင်ပြရမည်။)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/လုပ်ငန်းသုံးပစ္စည်းများအား တင်သွင်းလို ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်--
- တင်ပြစာ
- Proforma Invoice
- ကော်မရှင်ခွင့်ပြုစာ
- သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက် (လိုအပ်ပါက)
- တင်သွင်း/လက်ကျန်စာရင်း
- ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
- နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
ကုန်ချောပစ္စည်းများ ပြည်ပသို့တင်ပို့လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက်အလက်များဖြင့် တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်
- တင်ပြစာ
- Profoma Invoice
- အဆိုပြုချက်ပါထုတ်ကုန်စာရင်း
- သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက် (လိုအပ်ပါက)
- ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
- ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်းစတင်ဆောက်ရွက်သည့်နေ့ကို တင်ပြလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- ကုမ္ပဏီ၏တင်ပြစာ ( ပြည့်စုံစွာရေးသားဖော်ပြထားသော လျှောက်လွှာ)
- လျှောက်ထားလွှာပုံစံ (၁၄) (စီးပွားဖြစ်စတင်ဆောင်ရွက်သည့်နေ့ရက် တင်ပြခြင်း)
- ပုံစံ -၆ ( ခွင့်ပြုမိန့်/ အတည်ပြုမိန့်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရယူထားရှိ သည်ဆိုပါက)
- ငွေသွင်းချလံ
- ထည့်ဝင်ပြီးငွေကြေးအထောက်အထားများ
- ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်
- ED အထောက်အထား၊ ပြည်တွင်းရောင်းပြေစာ၊ ဝင်ငွေအထောက်အထား
- (သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ပါမစ်ကဲ့သို့သော လုပ်ငန်းခွင့်ပြုချက် (သစ်လုပ်ငန်း - သစ်ထုတ်လုပ်မှုလိုင်စင် ၊ ပုဂ္ဂလိက စက်မှုလိုင်စင်၊ ဟိုတယ်လုပ်ငန်းလိုင်စင်)
- မူလတင်သွင်းခွင့်ပြုစာရင်း၊ တင်သွင်းပြီးစာရင်း နှင့် တင်သွင်းရန်ကျန်စာရင်းများ နှိုင်းယှဉ်မှုဇယား ( Machinery/ Equipment /Construction Material Balance Sheet )
- ကိုယ်စားလှယ်လွှဲစာ(အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ) ( Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
ရင်းနှီးမြှုပ်နှံသူများက တည်ဆောက်မှုကာလကို တိုးချဲ့ရန် လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- ကုမ္ပဏီ၏ တင်ပြစာ (ခိုင်လုံသည့် အကြောင်းအရင်းဖော်ပြချက်)
- စက်ရုံတည်ဆောက်ဆဲ ဓါတ်ပုံအထောက်အထားများနှင့် တည်ဆောက်ပြီစီးမှု ရာခိုင်နှုန်းဖော်ပြချက်)
- တင်သွင်းခွင့်ပြုစာရင်းနှင့် တင်သွင်းရန်ကျန်စာရင်းများ ( ကော်မရှင် ခွင့်ပြုစာအမှတ် )
- ကိုယ်စားလှယ်လွှဲစာ(အမည်၊ မှတ်ပုံတင်နံပါတ်၊လက်မှတ် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ) ( Investor ကိုယ်တိုင် မလာရောက်နိုင်ပါက)
ရင်းနှီးမြှုပ်နှံသူများက မြေငှားရမ်းမှု သဘောတူညီမှုစာချုပ် သက်တမ်း နှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှု ကာလ၊ ကော်မရှင် ခွင့်ပြုမိန့်သက်တမ်း တိုးမြှင့်လိုလျင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (မြေပိုင်ရှင်က အစိုးရဌာနဖြစ်လျှင်)
- မူလမြေငှားစာချုပ်
- ပြင်ဆင်မြေငှားစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက် ဉပဒေရေးရာဝန်ကြီးဌာန ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားရန်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
နိုင်ငံခြားသားကျွမ်းကျင်သူခန့်အပ်ခွင့်အတွက်လိုအပ်သည့် စာရွက်စာတမ်းများ
- ကုမ္ပဏီတင်ပြစာ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့ သို့ လိပ်မူ၍ ဝန်ထမ်းအမည်၊ Passport No.၊ နိုင်ငံသား၊ ရာထူး၊ ခန့်ထား မည့်ကာလ၊ ပညာအရည်အချင်းဖော်ပြရန်)၊
- Form-12(A) (နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့် လျှောက်လွှာ) နိုင်ငံကူး လက်မှတ်မိတ္တူ၊
- အဆိုပြုချက်ပါ ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား စာရင်းမိတ္တူ၊
- လက်ရှိခန့်ထားပြီး ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား (ပြည်တွင်း ဝန်ထမ်းများ အား စီမံခန့်ခွဲမှုအဆင့်၊ ကျွမ်းကျင်အဆင့်၊ သာမန် အဆင့် စသည်ဖြင့် ရာထူးနှင့် အရေအတွက် ဖော်ပြရန် နှင့် ပြည်ပ ဝန်ထမ်း အမည်၊ Passport No.၊ ရာထူး၊ နိုင်ငံသားဖော်ပြ၍ ကော်မရှင်မှခန့်ထားခွင့်ပြုခဲ့သည့် အထောက်အထားများပူးတွဲတင်ပြရန်)၊
- နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)၊
- ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှု အထောက် အထား (ဒီပလိုမာ) သို့ ဘွဲ့လက်မှတ်၊ ကိုယ်ရေးအကျဉ်း၊
- ကိုယ်စားလှယ်လွှဲစာ(အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)၊
- ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ် လုပ်ရက် (၇)ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် ဖြစ်ပါသည်။
- ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ် လုပ်ရက် (၇)ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် ဖြစ်ပါသည်။
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း ဖျက်သိမ်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (ဖျက်သိမ်းရသည့် အကြောင်းအရင်း)
- ဒါရိုက်တာ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
- ထည့်ဝင်ပြီးမတည်ငွေရင်း
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ရင်းနှီးမြှုပ်နှံသူများက MIC ခွင့်ပြုမိန့် မိတ္တူမှန်လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။
- လျှောက်ထားသည့်စာ (အကြောင်းအရင်း)
- ဒါရိုက်တာ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်
- သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည့် ကြော်ငြာ
- သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၇၅၀,၀၀၀
အဆိုပြုချက်ပါ စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/ လုပ်ငန်းသုံးပစ္စည်းများ အား အခွန်အကောက်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလိုပါက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍အောက်ပါအချက်အလက်များဖြင့် တင်ပြလျှောက်ထား ရမည်ဖြစ်ပါသည်-
- တင်ပြစာ
- ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)
- ပြည်ပမှ တင်သွင်းမည့် တင်သွင်းမည့်ပစ္စည်းစာရင်း
- ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
- နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
Pages
ကုမ္ပဏီအမည်ပြောင်းလဲခြင်း ပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ
- ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်) (MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တင်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
- ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
- နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (တင်ပြထားခြင်းမရှိသေးပါက)
ရရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီ၏ လိပ်စာပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- မြေပုံ (မူလနှင့် ပြောင်းရွှေ့တည်နေရာအတွက် ဆက်စပ်မှုရှိပါက)
- မူလမြေငှားစာချုပ် (လက်မှတ်ရေးထိုးပြီး မြေငှားသက်တမ်းရှိပါက ရပ်ဆိုင်းစာချုပ် တင်ပြရန်)
- ပြောင်းရွှေ့မည့်နေရာအတွက် မြေငှားစာချုပ် (မူကြမ်း)
- ပြောင်းရွှေ့မည့်နေရာအတွက် မြေဂရန်
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူများက မြေငှားစာချုပ်၊ ရင်းနှီးမြှုပ်နှံမှု ကာလနှင့် MIC ခွင့်ပြုမိန့် ကာလများကို တိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အကြောင်းအရင်း)
- ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် (သို့) သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံစာ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၁၀၀,၀၀၀
ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကို (နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံခြားသား ရင်းနီးမြှုပ်နှံမှု အဖြစ်သော်လည်းကောင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဖြစ် သော်လည်းကောင်း) ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
- အစုရှယ်ယာလွှဲပြောင်းခြင်းဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်းများ (အစုရှယ်ယာ လွှဲပြောင်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားပြင်ဆင်ခြင်းဖြစ်ပါက)
- ဖက်စပ်သဘောတူစာချုပ်ပြင်ဆင်ချက် (မူကြမ်း) (ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို ရာခိုင်နှုန်းပြည့်နိုင်ငံခြား/ မြန်မာနိုင်ငံသားမှ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုသို့ ပြောင်းလဲခြင်း ဖြစ်ပါက)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း၏ အမည်ကို ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-
- လျှောက်ထားသည့်စာ (အမည်ပြောင်းလဲရခြင်း အကြောင်းအရင်း)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်
- ကိုယ်စားလှယ်ခန့်အပ်မှု စာချုပ် (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၁၀၀,၀၀၀
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ
- ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
- ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
- ပြည်ပမှတင်သွင်းမည့် စက်ပစ္စည်းစာရင်း
- ပြောင်းလဲမည့် ထုတ်ကုန်နှင့် တင်သွင်းမည့်ကုန်ကြမ်းစာရင်း
- စက်ပစ္စည်းတင်သွင်းမှုနှင့်လက်ကျန်စာရင်း
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ရှိ မရှိ
- မူလ နှင့် တိုးချဲမည့် သို့မဟုတ် ပြောင်းလဲမည့် လုပ်ငန်း၏ ISIC Code
- နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (တင်ပြထားခြင်းမရှိသေးပါက)
The following documents are necessaries on application for the permission of amendment of Land and Building Lease Agreement, BOT Agreement, 100% Foreign Agreement, Joint Venture Agreement and need to attend to the Chairman of MIC:
- Cover letter (describe the specific reasons)
- Board of Directors’ Resolution (Original)
- Approval letter from relevant ministries (If applicable)
- Agreement (Original and Revised) (Draft is acceptable for revised agreement)
- Power of Attorney (if investor cannot come to office)
- Copy of updated quarterly performance report – form 10 (for those who has not provided yet)
အဆိုပြုချက်ပါ ဝန်ထမ်းအရေအတွက် တိုးမြှင့်ခြင်း အတွက် လိုအပ်သည့်စာရွက်စာတမ်းများ
- ကုမ္ပဏီတင်ပြစာ(အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
- ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
- အဆိုပြုချက်ပါနှင့်တိုးမြှင့်မည့် အရေအတွက် နှင့်ခန့်အပ်ပြီးအခြေအနေ နှိုင်းယှဉ်ဇယား(ပြည်တွင်း/ပြည်ပ)
- လုပ်ငန်းတိုးချဲ့ထားခြင်းရှိ မရှိ
- နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (တင်ပြထားခြင်းမရှိသေးပါက)
ကုမ္ပဏီအမည်ပြောင်းလဲခြင်း ပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ
- ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်) (MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တင်ပြရန်)
- ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
- ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
- နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (တင်ပြထားခြင်းမရှိသေးပါက)
ရင်းနှီးမြှုပ်နှံသူများက နိုင်ငံခြားမတည်ငွေရင်း ယူဆောင်လာမည့်ကာလပြင်ဆင်လိုပါက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရ မည်-
- လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
- နိုင်ငံခြားမတည်ငွေရင်းယူဆောင်လာမည့်ကာလမူလနှင့်ပြင်ဆင်ချက်ဇယား (အချိန်ကာလဖော်ပြရန်)
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
အစီရင်ခံတင်ပြခြင်း
တင်ပြရန်လိုအပ်သည့် အစီရင်ခံစာများ
- သုံးလပတ် အစီရင်ခံစာ(ပုံစံ -၁၀) နည်းဥပဒေ ၁၉၇
- နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (ပုံစံ ၁၁) နည်းဥပဒေ ၁၉၆