နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား

Posted on 01 December 2015

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် EU-ASEAN COMPASS  တို့ ပူးပေါင်း ပြုလုပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း သင်တန်းသား ( ၂၄ ) ဦးတက်ရောက်ကြပါသည်။