ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 26 January 2023

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်  ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ ဦးဇော်မျိုးတင်၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်းများ  တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့ပြီး  တည်ဆောက်ရေး ကာလတိုးမြှင့်ရေးကိစ္စများအား ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။  အဆိုပါ လုပ်ငန်း၏ ရင်းနှီးမြှုပ် နှံမှုပမာဏမှာ ကျပ် ၆၈၀ သန်းရှိပါသည်။