ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းများအား ထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Posted on 15 November 2022