စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုအားပေးခြင်း

စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 15 November 2022

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းများအား ထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။