Myanmar Wantong Construction Materials Co.,Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar Wantong Construction Materials Co.,Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 01 December 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော မြေကွက်အမှတ်- ၄၊၅၊ မြေတိုင်းရပ်ကွက် အမှတ်-၁၀၈B၊ စက်မှုဇုန်၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Wantong Construction Materials Co.,Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးစစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။