DICA Survey Result Presentation ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

DICA Survey Result Presentation ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Posted on 30 November 2016

ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) နှင့်ပူးပေါင်း၍"DICA Survey Result Presentation" ကို ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ (၂၉) ရက်နေ့ မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဝန်ဆောင်မှု များအပေါ် Survey ကို ၂၀၁၆ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ ၂၃ရက်နေ့အထိ ကောက်ခံခဲ့ပြီး ရရှိခဲ့သော ရလဒ်များနှင့် စပ်လျဉ်း၍ Presentation ပြုလုပ်ပြီး ဆက်လက် ဆောင်ရွက်ရန် ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။