“M. Buwon Electronic Co., Ltd.” ၊ “ Myanmar Handsome Garments Co., Ltd.” နှင့် “Myanmar Hair Co., Ltd.”တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

“M. Buwon Electronic Co., Ltd.” ၊ “ Myanmar Handsome Garments Co., Ltd.” နှင့် “Myanmar Hair Co., Ltd.”တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 26 August 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ “M. Buwon Electronic Co., Ltd.” ၊ “Myanmar Handsome Garments Co., Ltd.” နှင့် “Myanmar Hair Co., Ltd.” တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။