Asian Development Bank (ADB) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Asian Development Bank (ADB) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Posted on 06 July 2016

Asian Development Bank (ADB) ၏ အထွေထွေကောင်စီရုံးမှ အကြံပေးဖြစ်သူ Ms. Atsuko Hirose နှင့် အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄:၀၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးသို့ လာရောက်၍ ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အခန်းကဏ္ဍနှင့် ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိစေသည့် တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။