အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Posted on 27 June 2016

အာရှဖွံ့ဖြိုးရေးဘဏ် မှ Senior Financial Sector Specialist ဖြစ်သူ Mr. Stephen Schuster နှင့် အဖွဲ့သည်  ၂၃-၆-၂၀၁၆ ရက်နေ့ နံနက် ၁၀: ၀၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ တည်ဆဲစီးပွားရေး ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ နည်းပညာအထောက်အပံ့ပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့ ကြပါသည်။