မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 17 June 2016

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း အဖွဲ့မှ အဖွဲ့ဝင်များသည် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ၁၆-၆-၂၀၁၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လာရောက်တွေ့ဆုံပြီး  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ ပထမ အကြိမ်အစည်းအဝေးကျင်းပရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။