အစိုးရ-ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်မှုအသိပညာပေးဆွေးနွေးပွဲ

အစိုးရ-ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်မှုအသိပညာပေးဆွေးနွေးပွဲ

Posted on 25 May 2016

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ဝန်ထမ်းများအသိပညာတိုးပွားစေရန် ရည်ရွယ်၍ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်မှု အသိပညာပေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ ဝန်ထမ်းများနှင့်  JICA မှ ကိုယ်စားလှယ် (၆) ဦး စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။