သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ကွန်ပျူတာ လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ကွန်ပျူတာ လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Posted on 25 May 2016

၂၀၁၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် Taiwan Trade Center နှင့် Bank of Taiwan မှ MOS Exam ​အောင်မြင်သူ သင်တန်းသားများအား Certificate ​ပေးအပ်ပွဲနှင့် ကွန်ပျူတာ (၉) လုံး လှူဒါန်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ Ms.Shu-Mei Yang, Deputy Director General, Bureau of Foreign Trade, Ministry of Economic Affairs ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ပေးခဲ့ပါသည်။