Global Earth Agro & Aqua Industry Public Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Global Earth Agro & Aqua Industry Public Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 09 December 2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကြီးကြပ်ရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ (ငါးအစာ၊ ငါးပေါင်မုန့်၊ ငါးဆီ) ဆောင်ရွက်နေသည့် လုပ်ငန်းသို့  ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ကြီးကြပ်ရေးအဖွဲ့က အဆိုပါလုပ်ငန်း၏ တည်ဆောက်ရေးကာလ တိုးမြှင့်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။