နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 30 September 2024

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (NCIC) ၏ (၄/၂၀၂၄) ကြိမ်မြောက်အစည်း  အဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထား သည့် ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် အတည်ပြုခဲ့ပြီး ၊ ဆောင်ရွက်ဆဲ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများ၏ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်နှင့် အရပ်ဒေသပြောင်းရွှေ့ခွင့်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။