မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Posted on 24 September 2024

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါ အစည်းအဝေးတွင် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း   ၂ ခုကို အတည်ပြုမိန့်ခွင့်ပြုရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၏ မတည် ငွေရင်းပမာဏမှာ မြန်မာကျပ်ငွေ ၂၈၃၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။