မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 13 September 2024

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ တန်ဘိုးမြှင့် နှမ်းများ၊ သန့်စင်ပြီးမြေပဲ၊ သန့်စင်ပြီးပဲမျိုးစုံ၊ သန့်စင်ပြီးပြောင်း၊ မြေပဲဆီနှင့် နေကြာဆီ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပသို့ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းသို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။