ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခြင်း

Posted on 11 September 2024

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၄ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဆန်ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။