တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 06 September 2024

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မတီအဖွဲ့ဝင်များနှင့်  အထူး ဖိတ်ကြားထားသော  သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် စားအုန်းဆီ ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခု၏ အတည်ပြုမိန့်လျှောက်ထားလာခြင်းကိစ္စနှင့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ပြင်ဆင်ခွင့်ပြုပါရန်  တင်ပြလာခြင်းကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။