ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 25 July 2024

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် အထူးဖိတ်ကြားထားသည့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော်အတွင်းရှိ Contract Framing စနစ်ဖြင့် စပ်မျိုးစပါးများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း စိုက်ပျိုးရေးသုံး ရေပိုက်၊ ပိုက်ဆက်ပစ္စည်းများနှင့် ကော်စေ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အသား ခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း ၊ စွန့်ပစ်တာယာများ၊ စတီးဝါယာ၊ ရာဘာအစအနများ၊ ချည်မျှင် ကြိုးစများမှ ရာဘာကြမ်းခင်းနှင့်ပြုပြင်ထားသည့် တာယာများထုတ်လုပ်ခြင်းလုပ်ငန်းတို့သို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။