စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 17 July 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ စက္ကူပုံးနှင့် စက္ကူကတ်ထူပြားများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် ခွန်အားဖြည့် အချိုရည် ၊ အချိုရည်အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်နိုင်မည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။