ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 June 2024

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီးအစရှိသည့် သစ်သီးများ ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြောင်းအခြောက်ခံသန့်စင် သိုလှောင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။