ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 14 March 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ warehousing services and logistics services လုပ်ငန်း၊ အားကစားပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း(၁၀၀ % ပြည်ပတင်ပို့ခြင်း)၊ carton box များ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်းပြည်တွင်းရောင်းချခြင်းလုပ်ငန်း၊ adhesive resin အမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wool fiber & cotton yarn ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့  ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများနှင့် စီးပွားဖြစ်ထုတ်လုပ် လည်ပတ်လျက်ရှိသည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။