ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Posted on 05 March 2024

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မလိခခန်းမ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  

              အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရာနှုန်းပြည့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည့် ယာဉ်ရပ်နားဝင်း တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ၁ ခုကို အတည်ပြုခဲ့ပါသည်။