ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်စပ်ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင် တက်ရောက်ဆွေးနွေး

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်စပ်ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင် တက်ရောက်ဆွေးနွေး

Posted on 06 December 2023

( နေပြည်တော်၊ ဒီဇင်ဘာ ၅ )

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဆက်စပ်ဆွေးနွေးပွဲ (Sideline Consultation) များကို ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်စပ်ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးဆောင်၍ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံတွင် ရုရှားလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့် ကဏ္ဍများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်နိုင်မည့် အခြေအနေများနှင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။