ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 26 October 2023

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စက်မှုစီမံကိန်းရှိ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြု မိန့်ဖြင့် ဆန်၊ ပြောင်း၊ ပဲအမျိုးမျိုး ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းနှင့် နေစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းတို့သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးမှုများအတွင်း ကြီးကြပ်ရေးအဖွဲ့က လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။