ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 13 February 2023

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး ကော်မတီသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်အဆီထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းသို့  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။