မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 12 September 2022

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊  ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုမှ ရင်းနှီးမြှုပ်နှံ သူအမည်ပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပုံစံပြောင်းလဲခြင်း၊ ပြည်တွင်းပြည်ပဝန်ထမ်း ၂၉၆ ဦး တိုးမြှင့် ခွင့်ပြုပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုအား တည်ဆောက်ရေးကာလတိုးမြှင့်ပေးခြင်းတို့ကို ဆွေးနွေးခဲ့ပါသည်။