နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 29 August 2022

နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့  အဖွဲ့ခေါင်းဆောင် ဦးဇေယျာလင်း ဉီးဆောင်သော နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းဆန်နှင့်ဆန်ဖြူ အဆင့် မြင့် ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်း၊ စက်မှုလယ်ယာအငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာ လုပ်ငန်းသို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။