နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 23 August 2022

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် များ၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် မော်တော် ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းအား စီးပွားဖြစ်စတင်သည့် နေ့ သတ်မှတ်နိုင်ရေးကိစ္စရပ်များ၊ နေပြည်တော် ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် အတွင်းရေး မှူးရုံးတို့၏ ၆ လတာ ကာလအတွင်း (၁-၂-၂၀၂၂ မှ ၃၁-၇-၂၀၂၂ ထိ) လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။