ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 08 June 2022

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်ထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ ပြည်တွင်း၌ ဝယ်ယူကြိတ်ခွဲပြီး ပြည်ပသို့ ရာနှုန်းပြည့် ဆန်ချောတင်ပို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော စက်ရုံများ၏ စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်ရန် ပြင်ဆင် ဆောင်ရွက်မှု အခြေအနေနှင့် စီးပွားဖြစ်စတင်ပြီး လုပ်ငန်း‌ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် လုပ်ငန်းခွင် လုံခြုံရေးသုံး အဝတ်အထည် ထုတ်လုပ်ခြင်း လုပ်ငန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။