နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 06 June 2022

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုမိန့်ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊  ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီးပွားဖြစ် စတင်ပြီး နောက်ပိုင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ပါသည်။