ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 06 May 2022

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် ကာဗွန် ကွန်ပိုစစ်ပေါင်းစပ် တင်းနစ်ရိုက်တံ၊ ‌ဟော်ကီရိုက်တံ၊ အားကစား စက်ဘီး ဖရိမ်နှင့် အစိတ်အပိုင်းများ၊ အားကစား စက်ဘီးများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် စက်ရုံများသို့ ၂၀၂၂ ခုနှစ်၊ မေ လ ၄ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် စက်ရုံ မြေပြင်အခြေအနေများ၊ စီးပွားဖြစ် စတင် လည်ပတ်မည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာန များတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) ကို ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။