ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်နှင့် ခြေအိတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့၏ မတည်ငွေရင်းပမာဏ တိုးမြှင့် ခြင်းနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် တင်ပြလာခြင်းတို့အား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါ သည်။