ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Posted on 22 December 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပသိမ်မြို့၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ အစိုးရဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့က ရုံးအဆောက်အအုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးသည် ဧရာဝတီတိုင်းအတွင်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား လက်ခံစိစစ်ခွင့်ပြုပေးခြင်း၊ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။