ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းထွန်းသည် ကယားပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များရယူ၍ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍လည်းကောင်း၊ Video Conferencing စနစ်ဖြင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Posted on 27 August 2021