ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးအား Video Conference ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးအား Video Conference ကျင်းပခြင်း

Posted on 13 August 2021

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်  ၁၀ နာရီတွင် Video Conference စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ကော်မတီ အဖွဲ့ဝင်များ၊  ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conference စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၄) ခု ၏ တင်ပြချက်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ပါသည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည် ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်)  ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ အတည်ပြုလျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မြေကွက်အမှတ် ၄၉၊ စိမ်းလဲ့ မေလမ်းသွယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊  ရန်ကုန်မြို့ တယ်လီဖုန်းအမှတ် ၀၁-၆၅၈၂၆၄ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။