မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 24 June 2021

(မန္တလေး၊ ဇွန် ၂၃)

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ရန် အတည်ပြုလျှောက်ထားလွှာ တင်ပြထားသည့်  ပဲအမျိုးမျိုးနှင့် နှမ်း သန့်စင်ထုတ်ပိုး တင်ပို့ရောင်းချခြင်းလုပ်ငန်း (၃) ခုနှင့် တည်ဆောက်ရေးကာလ သက်တမ်းတိုး တင်ပြထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခု တို့အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။