မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 07 May 2021

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသောလုပ်ငန်း(၄)ခု ကို တည်ဆောက်ရေးကာလတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။