ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 06 May 2021

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ၅ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေး၌ကုန်ထုတ်လုပ်မှုကဏ္ဍမှမြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄)ခု ကိုအတည်ပြုပေးခဲ့ပါသည်။

          အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် မြန်မာကျပ်၁၂၀၆၂.၇၂၃သန်း ရှိပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၂၂၂ဦး ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။