ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

Posted on 09 March 2021

(မတ်လ ၈ ရက်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေနှင့်အညီ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များကို လျှင်မြန်စွာခွင့်ပြုနိုင်ရေးအတွက် အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး (၈/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ကုန်ထုတ်လုပ်မှုကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ သစ်အခြေခံစက်မှုကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အဖွဲ့ဝင်များက ဥပဒေနှင့် ကိုက်ညီစေရေး ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ အဆိုပြုချက်စိစစ်ရေး အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။