ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

Posted on 15 February 2021

(ဖေဖော်ဝါရီလ ၁၅ ရက်)

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေနှင့်အညီ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များ ကို လျှင်မြန်စွာခွင့်ပြုနိုင်ရေးအတွက် အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့ နံနက် ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) တွင် Video Conferencing စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခု ကို အဖွဲ့ဝင် များကဥပဒေနှင့် ကိုက်ညီစေရေး ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှာ မွေးမြူရေး လုပ်ငန်းနှင့် အိမ်ရာအဆောက်အဦလုပ်ငန်းတို့ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးသို့ အဆိုပြုချက် စိစစ်ရေးအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာန ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။