ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Posted on 29 January 2021

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Top Form Myanmar Co., Ltd ၏ ဘားအံမြို့၌ တည်ရှိသည့် မြေ (၁၈) ဧကတွင် CMP စနစ်ဖြင့် အမျိုးသမီးအတွင်းခံအမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြမည့်ကိစ္စနှင့့် Hotel Conqueror Co., Ltd. ၏ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန်တင်ပြလာခြင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။