ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် KOREA TRADE-INVESTMENT PROMOTION AGENCY မှ ကျင်းပပြုလုပ်သည့် MYANMAR INVESTMENT FORUM (WEBINAR) သို့ တက်ရောက်

ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် KOREA TRADE-INVESTMENT PROMOTION AGENCY မှ ကျင်းပပြုလုပ်သည့် MYANMAR INVESTMENT FORUM (WEBINAR) သို့ တက်ရောက်

Posted on 17 November 2020

(နိုဝင်ဘာ (၁၇)၊ ရန်ကုန်)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် Korea Trade-Investment Promotion Agency မှစီစဉ်ကျင်းပသည့် Myanmar Investment Forum (Webinar) သို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ Webinar ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး၊ KOTRA, One Team Korea, Labor Management Development Foundation, Korea Chamber of Commerce in Myanmar (KOCHAM) တို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း(၁၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းဇော်ဦးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့်အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံရှိ ကိုရီးယားကုမ္ပဏီများ အတွက် အလုပ်သမားစီမံ ခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်များ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဝန်ဆောင်မှု ဆိုင်ရာကိစ္စရပ်များ နှင့် ကိုရီးယား-မြန်မာစက်မှုဇုန်ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။