ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း

Posted on 21 August 2020

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုစည်းမျည်း အပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို သင်္ဘောတင်သည့်နေမှ ၆ လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်စာရင်းကို နိုင်ငံခြား သုံးငွေဖြင့် အပြည့်အဝ ထည့်သွင်းရန် လိုအပ်ပါသည်။

၂။       သို့ဖြစ်ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် အဆိုပါ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းပါ ပြဋ္ဌာန်းချက်များအား သတိပြုလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးအကြောင်းကြား အပ်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်