ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး ဆောင်ရွက်ကြသည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခြင်း

ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး ဆောင်ရွက်ကြသည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခြင်း

Posted on 24 October 2019

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ စီးပွားရေးပညာဘွဲ့ တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများသည် DICA ၌ အောက်တိုဘာလ ၂ ရက်နေ့မှ ၃၁ နေ့အထိ လုပ်ငန်းခွင်လက်တွေ့လေ့လာရေးသင်တန်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးသည် မောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဤဦးစီးဌာန၏အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ဌာနသို့ လာရောက်လေ့လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဌာနမှရရှိလာသော အသိပညာနှင့် ဗဟုသုတများကို ပြန်လည်မျှဝေပေးရန် တွေ့ဆုံမှာကြားခဲ့ပါသည်။