ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း စီမံကိန်းရေးဆွဲရေး အထောက်အကူပြု သင်တန်း ကျင်းပပြုလုပ်ခြင်း

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း စီမံကိန်းရေးဆွဲရေး အထောက်အကူပြု သင်တန်း ကျင်းပပြုလုပ်ခြင်း

Posted on 16 May 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန နှင့် International Trade Centre (ITC) တို့ ပူးပေါင်း၍  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း စီမံကိန်းရေးဆွဲရေး အထောက်အကူပြု သင်တန်းအား ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Mercure Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်း ကျင်းပခြင်းဖြင့် ဝန်ထမ်းများကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းများ ရေးဆွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ အပါအဝင် အရာထမ်း စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။