မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတို့နှင့်စပ်လျဉ်းသည့် ဌာနတွင်း ဆွေးနွေး ပွဲအား ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ တာဝန် ဝတ္တရားများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများသတ်မှတ်ခြင်း၊ အကူးအပြောင်းကာလ နှင့်အထွေထွေပြဋ္ဌာန်းချက်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
Posted on 24 May 2017