
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီစီးပွားရေးဇုန်အတွင်းရှိ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းများအတွက် အထောက်အကူပြု လုပ်ငန်းများ၊ Bonded Warehouse တည်ဆောက်ပြီး အကောက်ခွန် ရှင်းလင်း ခြင်းလုပ်ငန်းများနှင့် Logistics လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီနှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆန်ပြောင်းကြိတ်ခွဲခြင်းနှင့် ဆန်မှုန့် ပြောင်းမှုန့် ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် Virtual စနစ်ဖြင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။